Sunday, January 29, 2012

လူကုန်ကူးမှု Hot Line ဖုန်းတပ်ဆင်ပြီး သုံးလအတွင်း ၁၀၈ ကြိမ်တိုင်ကြား

လူကုန်ကူးမှု Hot Line ဖုန်းတပ်ဆင်ပြီး သုံးလအတွင်း ၁၀၈ ကြိမ်တိုင်ကြား

'လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး' ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း

'လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး' ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်စတင်

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်စတင်

ယနေ့အထိ ငြိမ်းချမ်းရေး ရယူနိုင်ခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတပြောကြား

ယနေ့အထိ ငြိမ်းချမ်းရေး ရယူနိုင်ခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတပြောကြား

အမေရိကန် တစ်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းအား ယခင်ခြောက်ကျပ်အစား ဈေးကွက်ပေါက်ဈေး ဖြစ်သော ကျပ် ၈၀၀ ၀န်းကျင်ဖြင့် ပြောင်းလဲ သတ်မှတ်သွားမည်

အမေရိကန် တစ်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းအား ယခင်ခြောက်ကျပ်အစား ဈေးကွက်ပေါက်ဈေး ဖြစ်သော ကျပ် ၈၀၀ ၀န်းကျင်ဖြင့် ပြောင်းလဲ သတ်မှတ်သွားမည်

ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွန့် တင်သွင်းသည့် အဆိုသုံးခုအနက် နှစ်ခု ပြန်လည်ရုပ်သိမ်းခဲ့ရ

ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွန့် တင်သွင်းသည့် အဆိုသုံးခုအနက် နှစ်ခု ပြန်လည်ရုပ်သိမ်းခဲ့ရ

၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း တိုင်ကြားခဲ့သည့် လိမ်လည်မှုဖြစ်စဉ် အများစုမှာ မော်တော်ယာဉ်၊ မြေကွက်နှင့် ပတ်သက်သည့် အကြောင်းရင်းများ ဖြစ်ကြောင်းသိရ

၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း တိုင်ကြားခဲ့သည့် လိမ်လည်မှုဖြစ်စဉ် အများစုမှာ မော်တော်ယာဉ်၊ မြေကွက်နှင့် ပတ်သက်သည့် အကြောင်းရင်းများ ဖြစ်ကြောင်းသိရ

လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေး ခြောက်ရာခိုင်နှုန်း တိုးတက်ကာ အာရှဒေသ၏ စီးပွားရေး မျက်နှာစာသစ်တစ်ခု ဖြစ်လာနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ သုံးသပ်

လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေး ခြောက်ရာခိုင်နှုန်း တိုးတက်ကာ အာရှဒေသ၏ စီးပွားရေး မျက်နှာစာသစ်တစ်ခု ဖြစ်လာနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ သုံးသပ်

Friday, January 27, 2012

ဆင်တံဆိပ် ဘိလပ်မြေ အပါအ၀င် ထိုင်းကုန်ထုတ် လုပ်ငန်းအချို့ မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ရန် စီစဉ်

ဆင်တံဆိပ် ဘိလပ်မြေ အပါအ၀င် ထိုင်းကုန်ထုတ် လုပ်ငန်းအချို့ မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ရန် စီစဉ်

နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ဖြေလျှော့ပေးသည့် အပိုင်းတွင် အရည်အသွေးနိမ့် ပစ္စည်းများ ၀င်ရောက်လာနိုင်သည့်အတွက် စနစ်တကျ စိစစ်ရန်လိုအပ်

နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ဖြေလျှော့ပေးသည့် အပိုင်းတွင် အရည်အသွေးနိမ့် ပစ္စည်းများ ၀င်ရောက်လာနိုင်သည့်အတွက် စနစ်တကျ စိစစ်ရန်လိုအပ်

မြန်မာနိုင်ငံ တောင်ပိုင်းရှိ မုတ္တမ ပင်လယ်ကွေ့ကို မှတ်တမ်းရုပ်ရှင် လာရောက်ရိုက်ကူးရန် BBC က ကမ်းလှမ်းထား

မြန်မာနိုင်ငံ တောင်ပိုင်းရှိ မုတ္တမ ပင်လယ်ကွေ့ကို မှတ်တမ်းရုပ်ရှင် လာရောက်ရိုက်ကူးရန် BBC က ကမ်းလှမ်းထား

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးသူရဦးသောင်းလွင်နှင့် တွေ့ဆုံခြင်း

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးသူရဦးသောင်းလွင်နှင့် တွေ့ဆုံခြင်း

လွှတ်တော် တတိယပုံမှန်အစည်းအဝေးများတွင် လွှတ်တော်အတွင်းသို့ လက်ကိုင်ဖုန်းနှင့် လက်ပ်တော့ကွန်ပျုတာများ ယူဆောင်ခွင့်ရ

လွှတ်တော် တတိယပုံမှန်အစည်းအဝေးများတွင် လွှတ်တော်အတွင်းသို့ လက်ကိုင်ဖုန်းနှင့် လက်ပ်တော့ကွန်ပျုတာများ ယူဆောင်ခွင့်ရ

သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သန်လျင်၊ သုံးခွနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့၌ အသေးစားချေးငွေကိစ္စရပ်များ ဆောင်ရွက်

သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သန်လျင်၊ သုံးခွနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့၌ အသေးစားချေးငွေကိစ္စရပ်များ ဆောင်ရွက်

Saturday, January 21, 2012

http://www.weeklyeleven.com/index.php?option=com_content&view=article&id=11983:2012-01-21-08-51-22&catid=42:2009-11-10-07-36-59&Itemid=112

http://www.weeklyeleven.com/index.php?option=com_content&view=article&id=11983:2012-01-21-08-51-22&catid=42:2009-11-10-07-36-59&Itemid=112

'အနာသိတယ်၊ ဆေးရှိတယ်' ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံခြင်း

'အနာသိတယ်၊ ဆေးရှိတယ်' ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံခြင်း

မြန်မာတစ်နိုင်ငံလုံး၏ လက်ရှိလျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်းသာ ရှိသေးရာ ငါးနှစ်စီမံကိန်း ရေးဆွဲ၍ တိုင်းရင်းသားလူမျိုးများ လျှပ်စစ်မီးသုံးစွဲနိုင်ရေး အဓိကထား ဆောင်ရွက်သွားမည်ဟုဆို

အခြေမခိုင်တဲ့ မြေဈေးပြန်ကျိုး၊ စီမံကိန်းသတင်းများနှင့်အတူ မတန်တဆဈေးမြင့်တက်ခဲ့သည့် ရန်ကုန်မြို့စွန်မြေကွက်များ ဈေးထက်ဝက်ခန့်မှ မူလဈေးအထိ ပြန်ထိုးဆင်း

အခြေမခိုင်တဲ့ မြေဈေးပြန်ကျိုး၊ စီမံကိန်းသတင်းများနှင့်အတူ မတန်တဆဈေးမြင့်တက်ခဲ့သည့် ရန်ကုန်မြို့စွန်မြေကွက်များ ဈေးထက်ဝက်ခန့်မှ မူလဈေးအထိ ပြန်ထိုးဆင်း

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားမှုများကို လာမည့် ဖေဖော်ဝါရီလတွင် စတင်ရုပ်သိမ်းနိုင်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားမှုများကို လာမည့် ဖေဖော်ဝါရီလတွင် စတင်ရုပ်သိမ်းနိုင်

KIOနှင့်အစိုးရအဖွဲ့အကြား နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် ကြေညာချက်ထုတ်ပြန်

KIOနှင့်အစိုးရအဖွဲ့အကြား နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် ကြေညာချက်ထုတ်ပြန်

Wednesday, January 18, 2012

နိုင်ငံခြားဘဏ်လုပ်ငန်းစနစ် လာမည့်ဧပြီလနှင့် မေလတွင် စတင်နိုင်ဖွယ်ရှိပြီး အာဆီယံ၊ သြစတြေးလျ၊ နယူးဇီလန်၊ အီးယူနိုင်ငံအချို့နှင့် စတင်ချိတ်ဆက်ဆောင်ရွက်မည်ဟု သိရ

နိုင်ငံခြားဘဏ်လုပ်ငန်းစနစ် လာမည့်ဧပြီလနှင့် မေလတွင် စတင်နိုင်ဖွယ်ရှိပြီး အာဆီယံ၊ သြစတြေးလျ၊ နယူးဇီလန်၊ အီးယူနိုင်ငံအချို့နှင့် စတင်ချိတ်ဆက်ဆောင်ရွက်မည်ဟု သိရ

မြန်မာတစ်နိုင်ငံလုံး၏ လက်ရှိလျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်းသာ ရှိသေးရာ ငါးနှစ်စီမံကိန်း ရေးဆွဲ၍ တိုင်းရင်းသားလူမျိုးများ လျှပ်စစ်မီးသုံးစွဲနိုင်ရေး အဓိကထား ဆောင်ရွက်သွားမည်ဟုဆို

မြန်မာတစ်နိုင်ငံလုံး၏ လက်ရှိလျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်းသာ ရှိသေးရာ ငါးနှစ်စီမံကိန်း ရေးဆွဲ၍ တိုင်းရင်းသားလူမျိုးများ လျှပ်စစ်မီးသုံးစွဲနိုင်ရေး အဓိကထား ဆောင်ရွက်သွားမည်ဟုဆို

ထောင်များတွင် နိုင်ငံရေး အကျဉ်းသားများ မည်မျှကျန်သေးသည်ကို သိရှိရန် NLD စစ်ဆေးသွားမည်

ထောင်များတွင် နိုင်ငံရေး အကျဉ်းသားများ မည်မျှကျန်သေးသည်ကို သိရှိရန် NLD စစ်ဆေးသွားမည်

အခြေမခိုင်တဲ့ မြေဈေးပြန်ကျိုး၊ စီမံကိန်းသတင်းများနှင့်အတူ မတန်တဆဈေးမြင့်တက်ခဲ့သည့် ရန်ကုန်မြို့စွန်မြေကွက်များ ဈေးထက်ဝက်ခန့်မှ မူလဈေးအထိ ပြန်ထိုးဆင်း

အခြေမခိုင်တဲ့ မြေဈေးပြန်ကျိုး၊ စီမံကိန်းသတင်းများနှင့်အတူ မတန်တဆဈေးမြင့်တက်ခဲ့သည့် ရန်ကုန်မြို့စွန်မြေကွက်များ ဈေးထက်ဝက်ခန့်မှ မူလဈေးအထိ ပြန်ထိုးဆင်း

သက်ကြီးရွယ်အို တစ်ထောင်ကျော်ကို အိမ်တိုင်ရာရောက် စောင့်ရှောက်ပေး

သက်ကြီးရွယ်အို တစ်ထောင်ကျော်ကို အိမ်တိုင်ရာရောက် စောင့်ရှောက်ပေး

အခြေမခိုင်တဲ့ မြေဈေးပြန်ကျိုး၊ စီမံကိန်းသတင်းများနှင့်အတူ မတန်တဆဈေးမြင့်တက်ခဲ့သည့် ရန်ကုန်မြို့စွန်မြေကွက်များ ဈေးထက်ဝက်ခန့်မှ မူလဈေးအထိ ပြန်ထိုးဆင်း

အခြေမခိုင်တဲ့ မြေဈေးပြန်ကျိုး၊ စီမံကိန်းသတင်းများနှင့်အတူ မတန်တဆဈေးမြင့်တက်ခဲ့သည့် ရန်ကုန်မြို့စွန်မြေကွက်များ ဈေးထက်ဝက်ခန့်မှ မူလဈေးအထိ ပြန်ထိုးဆင်း

နိုင်ငံခြားဘဏ်လုပ်ငန်းစနစ် လာမည့်ဧပြီလနှင့် မေလတွင် စတင်နိုင်ဖွယ်ရှိပြီး အာဆီယံ၊ သြစတြေးလျ၊ နယူးဇီလန်၊ အီးယူနိုင်ငံအချို့နှင့် စတင်ချိတ်ဆက်ဆောင်ရွက်မည်ဟု သိရ

နိုင်ငံခြားဘဏ်လုပ်ငန်းစနစ် လာမည့်ဧပြီလနှင့် မေလတွင် စတင်နိုင်ဖွယ်ရှိပြီး အာဆီယံ၊ သြစတြေးလျ၊ နယူးဇီလန်၊ အီးယူနိုင်ငံအချို့နှင့် စတင်ချိတ်ဆက်ဆောင်ရွက်မည်ဟု သိရ

Tuesday, January 17, 2012

နော်ဝေကုမ္ပဏီများကို မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခွင့် ပိတ်ပင်ထားမှုအား ပြန်လည်ရုပ်သိမ်း

လွတ်ငြိမ်းချမ်းသာခွင့် အပေါ် အမြင်များ

လွတ်ငြိမ်းချမ်းသာခွင့် အပေါ် အမြင်များ

Monday, January 9, 2012

လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသားအဆင့်လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်ဖွဲ့စည်း

လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသားအဆင့်လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်ဖွဲ့စည်း

ကြည့်မြင်တိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေလွှဲ/ပို့အလုပ်ရုံတစ်ခုမှ ကျပ်သိန်းပေါင်း ၆၆၀၀ ကျော် လိမ်လည်မှုဖြစ်ပွား

ကြည့်မြင်တိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေလွှဲ/ပို့အလုပ်ရုံတစ်ခုမှ ကျပ်သိန်းပေါင်း ၆၆၀၀ ကျော် လိမ်လည်မှုဖြစ်ပွား

ကျိုက်ထီးရိုး တောင်တက်ယာဉ်စီးခနှုန်းထား လျှော့ချပြေးဆွဲမှုကို ယခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် စတင်ကြောင်း သိရ

ကျိုက်ထီးရိုး တောင်တက်ယာဉ်စီးခနှုန်းထား လျှော့ချပြေးဆွဲမှုကို ယခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် စတင်ကြောင်း သိရ

ပြည့်တန်ဆာလုပ်ရန် ငြင်းဆန်သဖြင့် နှိပ်စက်ခံရသော အာဖဂန်မိန်းကလေးကို ဆေးရုံတွင် ကုသပေးနေ

ပြည့်တန်ဆာလုပ်ရန် ငြင်းဆန်သဖြင့် နှိပ်စက်ခံရသော အာဖဂန်မိန်းကလေးကို ဆေးရုံတွင် ကုသပေးနေ

Thursday, January 5, 2012

G-Mail Account Lock ကျသွားလျှင်ဖြေရှင်းနည်း

G-mail သုံးစွဲသူတွေအတွက် G-mail အကောင့်တွေ Lock ကျသွားတာတွေကြုံဖူးမှာပါ။အကောင့်ကိုဝင်လိုက်
၇င် username နဲ့ password လဲမှန်တယ်အကောင့်က၀င်လို့မ၇ပဲ စာလုံးလေးတွေ၇ိုက်ပြီးဝင်ခိုင်းတယ်။ဝင်
တော့လဲမ၇ဘူးနောက်ထပ်ပြောင်းပြီး၇ိုက်ခိုင်းနဲ့၇ွာပတ်နေတက်ပါတယ်။G-Mail အကောင့်များပျက်သွားပြီလား
သုံးလို့များမ၇တော့ဘူးလားဆိုပြီးစိတ်မပူပါနဲ့..။အောက်မှာပေးထားတဲ့လင့်လေးကနေသွားလိုက်ပါ.။Google
ကအဲ့လိုပြသနာတွေကြုံလာ၇င်ဖြေ၇ှင်းဖို့နည်းလမ်းလေးပေးထားပါတယ်.။
တကယ်လို့ကိုသုံးနေတဲ့ G-Mail
အကောင့်ကလော့ကျနေတယ်ဆို၇င်အောက်မှာပေးထားတဲ့လင့်လေးကိုသွားပါ။ပြီး၇င် Username နဲ့
Password ၇ိုက်ထည့်ပါ။ပြီး၇င်ပေးထားတဲ့စာလုံးလေးတွေကိုမှန်အောင်၇ိုက်ထည့်ပေးပါ။ပြီး၇င် unlock ကို
နှိပ်လိုက်ယုံပါပဲ။လော့ကျနေတဲ့ G-mail အကောင့်လေးပြန်ပွင့်သွားပါလိမ့်မယ်။

https://www.google.com/accounts/DisplayUnlockCaptcha

၂၀၁၃ ဆီးဂိမ်းမတိုင်ခင် အက်တာနက် မြန်နှုန်းမြှင့်ပေးမည်ဟုဆို

ပည်တွင်းအင်တာနက် ဆက်သွယ်မှုစနစ်အား မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်း(အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ) မတိုင်မီအတွင်း လက်ရှိအနေအထားထက် အသုံးပြုရာ တွင် ပိုမိုမြန်ဆန်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းအချက် အလက်နှင့် အွန်လိုင်းဌာနမှ အင်ဂျင်နီယာချုပ်က 7 Day News သို့ပြောသည်။

ထိုကဲ့သို့ အင်တာနက် ဆက်သွယ်မှုအမြန်နှုန်းများအား လက်ရှိအနေအထားထက် ပိုမိုမြန်ဆန် လာအောင် ဆောင်ရွက်ရာတွင် အင်တာနက်ဂိတ်ဝေး (Internet Gateway) တစ်ခုနှင့် ပုဂ္ဂလိက အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီ (ISP-Internet Service Provider) များကို ၂၀၁၃ ဆီးဂိမ်းမတိုင်မီ ကာလအတွင်း ထပ်မံ တည်ဆောက်တိုးချဲ့ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူကဆိုသည်။
အစိုးရအနေဖြင့် ၂၀၁၃ ဆီးဂိမ်းကာလမတိုင်မီ အချိန်အတွင်း ပြည်တွင်း အင်တာနက်စနစ် များ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်း သည် အာဆီယံအဆင့် အားကစားပြိုင်ပွဲဖြစ်ခြင်းနှင့် ယခုအစိုးရလက်ထက်အတွင်း အာဆီယံအဆင့်နှင့် နိုင်ငံ တကာအဆင့် အစည်းအဝေးများ၊ ပြိုင်ပွဲများကို ဆက်တိုက်လက်ခံကျင်းပလာခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရ သည်။

" အာဆီယံအဆင့်အစည်းအဝေးတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလာရတာတွေအပြင် လက်ရှိအင်တာနက်မြန်နှုန်းကိုလည်း ပိုမြန်လာအောင် ပိုကောင်းလာအောင် လုပ်ပေးသွားပါမယ်။ ၂၀၁၃ ဆီး ဂိမ်းမတိုင်ခင်အတွင်း အင်တာနက်ဆက်သွယ်မှု မြန်နှုန်းတွေ ပိုပြီးကောင်းလာအောင် လုပ်ပေးပါမယ်။ အာဆီယံ နိုင်ငံများနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းထိုင်းနိုင်ငံတွင် အင်တာနက် ဂိတ်ဝေးငါးခုခန့်နှင့် ISP စုစုပေါင်း ၁၅ ခု ခန့်ရှိကြောင်း နိုင်ငံတကာအတွေ့အကြုံ နိုင်ငံတကာအတွေ့အကြုံရှိ ကွန်ပျူတာလုပ်ငန်းရှင်နှင့် ပညာရှင်များထံမှ သိရသည်။

ပြည်တွင်း၏ အင်တာနက်ဆက်သွယ်မှု အခြေအနေမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းနယ်ပယ် တွင် နှေးကွေးကျဆင်းခြင်းအများဆုံး ဖြစ်ပေါ်နေကြောင်း 7 Day News ဂျာနယ်မှာ ရေးသားဖော်ပြထားပါသည်။

Phone Battery ကုန်သက်သာစေရန် အတွက်

Mobile ဖုန်းသုံးသူများအနေနှင်. မိမိတို.ဖုန်း battery များအချိန်ကြာကြာသုံးနိုင်ရန်သိသင်.သည်.အချက်များကို မျှဝေပေးလိုက်ပါတယ်။battery အားများ လျင်မြန်စွာ ကုန်ခမ်းသွားခြင်းမှာ battery အမျိုးအစားကြောင်.ဖြစ်နိုင်သလို သုံးစွဲသူကအသုံးမပြုတတ်ခြင်းကြောင်.လည်းဖြစ်နိုင်ပါတယ်။ အရည်သွေးမကောင်းတဲ. Battery တွေကလိုင်းဆွဲအားမကောင်းတဲ.နေရာမှာ battery ဆွဲအားကို အလွန်အသုံးပြုရခြင်းကြောင်. လျင်မြန်စွာကုန်တတ်ပါတယ်။ တချို.ကျတော.လည်း WiFi တွေ Bluetooth တွေFM radio တွေ စတဲ.ဆက်သွယ်ရေးဆိုင်ရာ function တွေကို အမြဲတစေ ဖွင်.ထားလို.လည်းဖြစ်ပါတယ်။ WiFiတွေ Bluetooth တွေကို အသုံးပြုပြီးတဲ.အခါမှာ ပိတ်မထားရင် battery ကို အကုန်မြန်စေပါတယ်။ Bluetooth အမြဲဖွင်.ထားရင် battery ကုန်စေရုံသာမကblutooth Function ပျက်လည်းပျက်သွားနိုင်ပါတယ်။ ဒါကြောင်. မိမိတို.ရဲ. Bluetooth function ကို အသုံးပြုပြီးမလိုတော.တဲ.အခါ ပိတ်ထားပါ။ Android OS သုံးဖုန်းတွေကျတော. Application တွေကို အသုံးပြုပြီးရင် exit နဲ.မထွက်ဘဲ back နဲ.ထွက်တဲ.အခါ တချို. Function တွေက run နေတတ်ပါတယ်။ဒါကြောင်. Game ဆော.ရင်ဘဲဖြစ်ဖြစ် အခြား Application တွေကို သုံးရင်ဘဲဖြစ်ဖြစ် exist တို.quit တို.ကနေစနစ်တကျ ထွက်ပေးသင်.ပါတယ်။Advance task killer ကိုတင်ပေးထားရင်တော. လည်းကောင်းပါတယ်။ task killer ကနေပွင်.နေတဲ. function တွေကို ပိတ်ပေးနိုင်ပါတယ်။ Advance task killer နဲ.တူတဲ. Android Application တစ်ခုဖြစ်တဲ. Power Saver ကိုလည်းထည်.အသုံးပြုနိုင်ပါတယ်။နောက်ထပ်Battery နဲ.ပတ်သက်ပြီးပြောချင်တာကတော. battery ကို အားသိပ်မသုံရသေးဘဲ နည်းနည်းလေးကုန်ရုံနဲ.လည်း မသွင်းသင်.ပါဘူး။ လုံးဝအားမရှိတော.တဲ.အထိလည်း မသုံးသင်.ပါဘူး။ဖုန်းက Low battery လို.အချက်ပေးတဲ.အခါကျရင်တော. အားကို သွင်းလိုက်တာအကောင်းဆုံးပါပဲ။ ကိုယ်မသုံးချင်တော.တဲ. Handset တွေကို သိမ်းထားမယ်ဆိုရင် battery ကို ဖြုတ်ထားလိုက်ပြီး မှသိမ်းထားပါ။ battery ကိုထည်.ပြီးသိမ်းတာကြာရင် Handset ကော Batteryကောပျက်တတ်ပါတယ်။ သူငယ်ချင်းတို. ပျော်ရွင်ပါစေ။

တစ်ဝမ်းတစ်စိတ် ညီစေသတည်း

တစ်ဝမ်းတစ်စိတ် ညီစေသတည်း

ဆုရ ဇာတ်ကားများကို ဒေါ်အောင်ဆန်းစုကြည် ဆုချီးမြှင့်

ယနေ့ ၆၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ ကျင်းပတဲ့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်အတွက် ဆန်ကာတင် ဇာတ်ကား ၅၄ ကားထဲကနေ ဇာတ်ကား ၅ ကားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဆုချီးမြှင့်လိုက်ပါပြီ။

အကောင်းဆုံးမှတ်တမ်းရုပ်ရှင် (Documentary film) ဆုကို ဒါရိုက်တာ စိုင်းကျော်ခိုင်ရဲ့ “Click In Fear” ဆိုတဲ့ ဇာတ်ကားက ရရှိပါတယ်။ အဲဒီဇာတ်ကားမှာ သတင်းထောက် တယောက်ရဲ့ အကြောက်တရားနဲ့ အမှန်တရားကို ထုတ်ဖော်ချင်စိတ်၊ ခရစ်ယာန်ဘာသာဝင်တယောက်က ဗုဒ္ဓဘာသာရဟန်းများရဲ့ သတ္တိနဲ့ ရဲရင့်မှုအပေါ် ထားတဲ့တန်ဖိုး၊ ဓာတ်ပုံသတင်းသမားတယောက်ရဲ့ အတ္တနဲ့ လူသားချင်း စာနာစိတ်အကြား လွန်ဆွဲမှုတို့ကို ၁၅ မိနစ်စာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အကောင်းဆုံး မှတ်တမ်းတို ရုပ်ရှင် (Short film) ဆုကို ဒါရိုက်တာမင်းသိုက်ရဲ့ “ကြိုး”၊ အကောင်းဆုံး Animation ဆုကို ဒါရိုက်တာ ဇော်ဘိုဘိုဟိန်းရဲ့ “Freedom and unity”၊ အကောင်းဆုံး လူငယ် မျက်နှာသစ်ဆုကို အသက် ၁၉ နှစ်အရွယ် ဒါရိုက်တာ အောင်ဇော်မိုးရဲ့ “Still in the dark” တို့က ရရှိသွားပြီး ပရိသတ် အကြိုက်နှစ်သက်ဆုံး ဆုကိုတော့ ဖေ့စ်ဘုတ်ပရိသတ်တွေအကြား အလွန်ရေပန်းစားခဲ့တဲ့ ဒါရိုက်တာ ၀ိုင်းရဲ့ “အဲ့ဒီအခန်းဖြတ်” ဇာတ်ကားက ရရှိသွားပါတယ်။

အက်တာနက်ပေါ်မှာ ကြိုတင်ပြန့်နှံ့မှုကြောင့် ပြိုင်ပွဲဝင်ခွင့် မပြုတော့ဘူးဆိုပြီး သတင်းထွက်ပေါ်ခဲ့တဲ့ “အဲ့ဒီအခန်းဖြတ်” ဇာတ်ကားဟာ ပရိသတ်များက ပေးတဲ့ မဲအရေအတွက်နဲ့ ဆုပေးအပ်တာ ဖြစ်ပါတယ်။

“ပရိသတ်တွေ မဲပေးတာကို ရွေးချယ်ပြီးတော့မှ ဆုပေးတာပါ။ မဲပေးတဲ့ အရေအတွက်က ၁၂၀၅၄ မဲရှိတဲ့ အထဲမှာ ၀ိုင်းရဲ့ အဲ့ဒီအခန်းဖြတ် ဇာတ်ကားကို မဲပေးခဲ့တာက ၇၀၁၁ မဲ ရှိပါတယ်” လို့ ပွဲစီစဉ်သူတဦးဖြစ်တဲ့ ကိုဇာဂနာက ဧရာဝတီ ကိုပြောပါတယ်။

လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်မှာ ပြိုင်ပွဲဝင်ကားပေါင်း ၁၈၈ ကား ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး “ဒီလူတွေ လွတ်လပ်တဲ့ရုပ်ရှင် ဘယ်တုန်းကတည်းကများ ရိုက်ချင်နေပါလိမ့်လို့ တွေးမိပါတယ်။ အားလည်း တက်မိပါတယ်” လို့ ကိုဇာဂနာက သူရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ကိုဇာဂနာက လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်ရဲ့ ဆုပေးပွဲအခမ်းအနားမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သီးလေးသီးအဖွဲ့နဲ့အတူ စင်ပေါ်ကနေ အငြိမ့်နဲ့ ဂုဏ်ပြုချင်ပေမယ့် အခု သူငယ်ချင်းတွေ လွတ်မလာလို့ စိတ်မကောင်းဖြစ်မိကြောင်းလည်း ပြောပါတယ်။

“တကယ်က ခေါင်းစဉ်တောင်ပြောင်းချင်တယ်။ လွတ်မလာခြင်း အနုပညာရုပ်ရှင်ပွဲတော်လို့တောင် ပြောင်းချင် တယ်။ ကျနော့်သူငယ်ချင်းတွေ တယောက်မှမလွတ်လာဘူး။ အမှန်ကတော့ လွတ်လာတဲ့ ကျနော့် သူငယ်ချင်းတွေကို စင်ပေါ်ကနေ အငြိမ့်ကပြီးတော့ ဂုဏ်ပြုချင်တာဗျ။ အခုတော့ မကပြနိုင်တော့ဘူးပေါ့ဗျာ” လို့ ကိုဇာဂနာက ပြောပါတယ်။

လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်စင်တာမှာ ကျင်းပပြီး ဆုရဇာတ်ကားတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးမြှင့်ပါတယ်။ ဆုပေးပွဲအပြီးမှာ ကိုဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာတို့နဲ့အတူ သီးလေးသီးအဖွဲ့သားများဖြစ်တဲ့ စိန်သီး၊ ကြယ်သီး၊ ပန်းသီး၊ ဇီးသီးနဲ့ မင်းသမီး ချောစုမျိုး၊ မြစံပယ်ငုံ၊ သစ်သစ်လွင်တို့က အငြိမ့်နဲ့ ဖျော်ဖြေတင်ဆက်ပါတယ်။

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အဆိုတော် သဇင်နှင့် မောင်သက်နိုင်အောင် ဇေယျတို့ မင်္ဂလာလက်မှတ် ရေးထိုးပွဲပြုလုပ်

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အဆိုတော် သဇင်နှင့် မောင်သက်နိုင်အောင် ဇေယျတို့ မင်္ဂလာလက်မှတ် ရေးထိုးပွဲပြုလုပ်

၂၀၁၁ နှင့် အပြောင်းအလဲများ အပေါ် အနုပညာရှင်တို့၏ အမြင်

၂၀၁၁ နှင့် အပြောင်းအလဲများ အပေါ် အနုပညာရှင်တို့၏ အမြင်

မိမိချစ်သူက မေးလ်ခိုးမခိုးကြည့်နည်း

မိမိ အကောင့်ကို အခြားတစ်ယောက်နဲ့ လဲသုံးဖူးရင် ဒါတွေကို ပြန်စစ်ရန်နှင့် Add another email address you own ရဲ့ အလုပ်လုပ်ပုံကိုရေးသားမှာဖြစ်ပါတယ်
1. ပထမအဆင့် အနေနှင့် edit info (or) Add another email address you own ကို click ပါ

2. အခြား အောက်ပါအတိုင်း ထပ်ကျလာပါမည်။အောက်မှာ Email address ထဲမှာ မေးလ်တစ်ခု(မိမိအသုံးပြုနေတဲ့ အကောင့်တစ်ခုဖြစ်ရပါမည်)ကို ပေါင်းထည့်ပါ မေးလ်လိပ်စာ (၅)ခုလောက်ပေါင်းထည့်နိုင်ပါတယ်။ အားသာချက်က Gmail ကနေပြီး yahoo.com နှင့် အခြား မေးလ်တွေကို ပို့ပေးနိုင်မှာဖြစ်ပါတယ်။ ဥပမာ yarzar@gmail.com ကို yarzar@yahoo.com လို့ပြောင်းပြီးတော့ Gmail ကနေ ပို့နိုင်ပါသည်။ ပြီးရင် yahool mail ကိုသွားပါ Google Team မှာ ရောက်နေတဲ့ စာကို အတည်ပြုပေးပြီး Verify ဖြစ်သွားပါပြီ ဒါဆိုရင် yahool လိပ်စာနဲ့ mail ပို့နိုင်ပြီ။
3. နောက်ထူးခြားချက်က မိမိဆီရောက်နေတဲ့ Spam တွေကို ရှင်းထုတ်တိုက်ခတ်ပေးတာပဲဖြစ်ပါတယ်။ လုပ်ဆောင်ရန်ကတော့
1. အောက်မှာဝိုင်းပြထားသောနေရာမှ Email address နေရာမှာ မေးလ်တစ်ခုရိုက်ပါ။ (မိမိသုံးနေတာဖြစ်ရပါမည်။အကြောင်းမှာ မိမိ Verify code ကို မိမိမေးလ်ဆီ Email recent လုပ်နိုင်ရန်ဖြစ်သည်.)။Next step ကို click ပါ။

2. အောက်ပါအတိုင်းကျလာသော box မှ Send Verification ကို click ပါ။

3. အောက်ပါအတိုင်းထပ်ကျလာမည်။ ပုံထဲမှာ လုပ်ဆောင်နည်းရေးထားသည်။ မိမိ verify လုပ်ပြီပြီးဆိုတာနဲ့ မိမိmail တွေဆီမှာ spam တွေကို ရှင်းထုတ်ပေးပါပြီ။

ကချင်ပြည်နယ်မှ တွေ့ရှိသည့် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့မျိုးရင်း ပန်ဒါ(နီ)တစ်စုံအား တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၌ ထားရှိပြသမည်

ကချင်ပြည်နယ်မှ တွေ့ရှိသည့် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့မျိုးရင်း ပန်ဒါ(နီ)တစ်စုံအား တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၌ ထားရှိပြသမည်

ကချင်ပြည်နယ်၌ လက်နက်ကိုင် ပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၁၄၀၀၀ ကျော် ကယ်ဆယ်ရေးစခန်း ၅၉ ခုတွင် နေထိုင်နေပြီး ငြိမ်းချမ်းရေးရပါက နေရပ်သို့ ပြန်ပို့မည်

ကချင်ပြည်နယ်၌ လက်နက်ကိုင် ပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၁၄၀၀၀ ကျော် ကယ်ဆယ်ရေးစခန်း ၅၉ ခုတွင် နေထိုင်နေပြီး ငြိမ်းချမ်းရေးရပါက နေရပ်သို့ ပြန်ပို့မည်

မီးလောင် ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့သော ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ နေအိမ်များအတွက် ယင်းနေရာ၌ပင် ပြန်လည် ဆောက်လုပ်ပေးနေ

မီးလောင် ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့သော ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ နေအိမ်များအတွက် ယင်းနေရာ၌ပင် ပြန်လည် ဆောက်လုပ်ပေးနေ

ကိုယ်ပိုင် -Laptop အသုံးပြုသူများလိုက်နာသင့်တဲ့အချက်လေးတွေ..

- Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ။

- အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှု
မရှိပါဘူး။တချို့  သော
Laptop တွေဟာ အထူနဲ့ ထုပ်လုပ်ပြီး တချို့  Laptop တွေကို ပါးလွှာအောင်
ထုတ်လုပ်ကြပါတယ်။
အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး
ကွဲပြားခြားနားမှုတွေ
ရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံး
လုပ်ထားပြီးသား ဖြစ်ပါတယ်။
အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာ တပ် ထားပြီး
ဖြစ်ပါတယ်။ ဒါတွေကို
အသုံးပြုသူတွေဟာ သတိထားကြရပါတယ်။ ဒီ function တွေဟာ power management
တွေမှာ
ပါဝင်ပါတယ်။ အဓိက အပူချိန်ကို ထိန်းဖို့ လုပ်ခြင်းဖြစ်ပါတယ်။

- Laptop တွေကို မျက်နှာပြင်ညီညာတဲ့ နေရာတွေမှာ အသုံးပြုပါ။ မျက်နှာပြင်
မညီညာတဲ့
နေရာတွေမှာ အသုံးပြုပါက အောက်လက်မှာရှိတဲ့ လေဝင်လေထွက်ပေါက်တွေ ပိတ်ပြီး
အပူချိန် တက်ပါလိမ့်မယ်။

- Laptop ဝယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့
keyboard
protector တွေကို ဖယ်ရှားပြီး သုံးပါ။ အောက်ဘက်က fan တွေအတွက်
အပေါ်ဘက်ကနေပြီး လေဝင်၊
လေထွက်တွေကို ပိတ်ထားသလိုဖြစ်နေပါလိမ့်မယ်။

- Laptop fan တွေရဲ့ ဆူညံသံကို နားထောင်ပါ။ Rpm မြင့်လာလေ အသံကျယ် လာလေ
ပါပဲ။ Rpm
ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန် တက်ပြီး fan တွေပို အလုပ်လုပ်လို့
ဖြစ်ပါတယ်။

- Fan တွေမှာ ဖုန်တွေ အမှိုက် တွေကို ၆လ တစ်ခါ၊ ၁နှစ်တစ်ခါ maintain
လုပ်ပေးပါ။ Rpm
ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး Laptop ကို အပူချိန်
တက်လာပါလိမ့်မယ်။

- အရေးအကြီးဆုံး အချက်ဖြစ်တဲ့ Laptop ဝယ်တဲ့အခါမှာ Laptop ကို တပ်မယ့်
သို့မဟုတ် ထည့်သွင်းထားမယ့်
အိတ်ကို ဝယ်ယူဖို့ပါပဲ။ ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်း
မဟုတ်ပါဘူး။ Laptop တစ်ခုလုံးအတွက်
အလေးချိန် ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectroStatic
Discharge), EMI
(Elictromagnetic Interfrence) သို့မဟုတ် RFI (Radio Frequency Interferce)
စတဲ့
ဘေးပြင်ပ နှောက်ယှက်မှု တွေကိုပါ ဝန်ဆောင်မှု တွေ ပေးပါတယ်။
မိမိဝယ်လိုက်တဲ့ Laptop အတွက်
တစ်ပါတည်း ထုတ်လုပ်ထားတဲ့ Laptop ကို ဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

ရွှေတိဂုံသမိုင်းကြောင်း ဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပမည်

ရွှေတိဂုံသမိုင်းကြောင်း ဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပမည်

အစိုးရသစ်လက်ထက်တွင် တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများနှင့်ပတ်သက်၍ ဝေဖန်သုံးသပ်မှုများရှိနေ

အစိုးရသစ်လက်ထက်တွင် တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများနှင့်ပတ်သက်၍ ဝေဖန်သုံးသပ်မှုများရှိနေ
ကျွန်တော်ကိုင်တဲ့ဖုန်းက sonyericsson xperia x 10 ပါ။အခုလိုမြန်မာစာနဲ့မြင်ရတာအသွင်တမျိုးဆန်းတာပေါ့။

မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။ကျွမ်းကျင်နေလို့၊ဆရာလုပ်ချင်လို့မရည်ရွယ်ပါ။

မှတ်ချက်။ ။သင့်ဖုန်းဟာ root လုပ်ပြီး မြန်မာဖေါင့်ထည့်ပြီးမှသာအသုံးပြုလို့ရပါမည်။

android ဖုန်းတွေရဲ့ home screen မှာ အပေါ်ကပုံလိုမြန်မာလိုဖေါ်ရန် အရင်ဆုံး GO launcher EX ကိုဒေါင်းလိုက်ပါ။

သင့်ဖုန်းထဲကိုထည့်ပြီးinstall လုပ်ပြီးrun လိုက်ပါ။သင်ထားချင်သောshortcut icon များကို add မှတဆင့် homescreen သို့တင်ပါ။

မြန်မာလိုပြောင်းချင်သော icon ကို3second ဖိထားပြီး rename မှ မြန်မာလိုရိုက်ပြီးသုံးနိင်ပါပြီ။

ဖုန်း နဲ့ ကြက် ဥ ပြုတ် နည်း.....( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။
ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။

ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။

ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။

အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

သက်တန့်ချို.....ရဲ့ စာသားလေးကို ပြန်လည်ဝေမျှပါတယ်...

ချစ်လွန်းလို့ဝေပေးတာနော်....( အရေးကြီးတယ်)

Wednesday, January 4, 2012

ပုဇွန်တောင် ဂိုဒေါင်ပေါက်ကွဲမှု နောက်ဆက်တွဲ အခြေအနေ

ညနေ (၁၅း၀၀) အချိန်အထိ အတည်ပြုချက်အရ ဤပေါက်ကွဲမှု၌ အရပ်သား (၈၉) ဦး ထိခိုက် ဒါဏ်ရာရှိပြီး၊ သံလွင်မီးသတ် တပ်ဖွဲ့ဝင် (၃၀)နှင့် အရန် (၄) ဦး ဒါဏ်ရာရရှိခဲ့ပါ သည်။ သေဆုံးသူများမှာ အရပ်သားထဲမှ အမျိုးသား (၈) ဦး၊ အမျိုးသမီး (၅)ဦး၊ တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့ ဝင် (၅) ဦး သေဆုံးခဲ့ပါသည်။ စုစုပေါင်း (၁၈) ဦးသေဆုံးပြီး၊ (၁၂၃) ဦး ဒါဏ်ရာ ရရှိခဲ့ ပါသည်။ လူဦးရေ (၁၀၀၀) ခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆ ပျက်စီးအိမ် ၁၂၄ လုံး ဖြစ်ခဲ့ရပါသည်။

ဤပေါက်ကွဲမှုကြောင့် အိမ်ထောင်စု (၁၅၀) ခန့်ကို မဟာဝိဇယရာမကျောင်းတိုက်တွင် စခန်းချထားပြီး၊ မီးဘေးသင့်ပြည် သူများကို ဆက်သွယ်လှူဒါန်းလိုပါက မဟာဝိဇယရာမကျောင်းတိုက်၊ ဖုန်း - ၀၉-၄၉၁၀၀၄၁၁၊ ၀၁-၂၀၉၀၁၉ သို့ ဆက် သွယ်လှူဒါန်းနိုင်သည်ဟုသိရသည်။

ဤပေါက်ကွဲ၌ အဓိက တာဝန်ရှိသူမှာ ဦးပိုင် လီမိတက် ကုမ္ပဏီဖြစ်သည်ဟု ဒေသခံများက ဆိုကြပါသည်။" အကြောင်းမှာ ဆားသိုလှောင်တဲ့ ဂိုဒေါင်မှာ ဦးပိုင်က တရားဝင် အသိမပေးဘဲ ဆာလ်ဖြူရစ် အက်ဆစ် နဲ့ ယမ်းစိမ်းတွေကို သိုလှောင် ထားတာပါလို့ အတွင်းသိများကဆိုပါသည်။ ထို့ကြောင့် မီးလောင်ပေါက်ကွဲခြင်း ဖြစ်ရပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးချက်အရ ဒေါက်တာ မျိုးအောင်ဦးဆောင်သောအဖွဲ့သည် မင်္ဂလာတောင်ညွှန့်ရှိ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ ကူညီမှုများပြုလုပ်နိုင်ရန် သွားရောက်နေပြီ ဖြစ်ကြောင်းနှင့် လိုအပ်လာပါက ဆေးခန်း ဖွင့်လှစ်ပြီး ကူညီကုသမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း NLD မှပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယနေ့မွန်းလွဲပိုင်းတွင် အတည်ပြုပြောကြားခဲ့ပါသည်။ထိုမီးလောင်ပေါက်ကွဲမှုတွင် ပွဲချင်းပြီးသေဆုံးခဲ့သော မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၏ ရုပ်အလောင်းများကို ယနေ့ညနေ ၅ နာရီ တွင် ရေဝေးသုသာန်တွင် အခမ်းအနားဖြင့် သဂြိုဟ် သွားမည်ဖြစ်ကြောင်းနှင့် အလေးပြုခြင်း၊ အမှတ်တရ ပန်းခွေချခြင်းများကို မွန်းလွဲ ၃း၃၀တွင် စတင်ပြုလုပ်သွားခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ဤကိစ္စနှင့် ပါတ်သက်ပြီး၊ အာဏာပိုင်များက မည်ကဲ့သို့ ကိုင်တွယ်သွားမည်ကို နိုင်ငံရေးလောကမှ ပုဂ္ဂိုလိများအပါဝင် ပြည် သူများက စိတ်ဝင်တစားစောင့်ကြည့်နေကြပါသည်။သို့သော် ဤ မင်္ဂလာ တောင်ညွန့် မြို့ နယ် စက်ဆန်း သင်္ဘောကျင်း တွင် ဖြစ်ပွားခဲ့သည့် ဓါတုဗေဒ ကုန်လှောင် ရုံပေါက်ကွဲမှု၏ အကျိုးဆက်အဖြစ် ရန်ကုန်တိုင်း မြို့  နယ်အချို့တွင် ဓါတု ဗေဒ အဆိပ်သင့် မှုများဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။

မြေကြီးအတွင်းမှ ထူးဆန်းစွာ အပူလွန်ကဲမှုကြောင့် ဒေါပုံရှိ နေအိမ်တစ်ချို့ ပြောင်းရွေ့

အခင်းဖြစ်ပွားရာနေရာ
ဒေါပုံမြို့နယ် ဇေယျာသီရိ ရပ်ကွက် ၃ လမ်းရှိ အိမ်တစ်အိမ်တွင် ဇန်နဝါရီလ ၂ ရက်နေ့ နံနက်မှ စ၍ ထူးဆန်းစွာ မြေကြီးအတွင်းမှ အပူလွန်ကဲမှု ဖြစ်ပွားခဲ့သည့် အတွက် ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ချို့ ပြောင်းရွေ့သွားကြကြောင်း တာဝန်ကျ လုံခြုံရေးနှင့် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတို့က The Woice Weekly သို့ ပြောကြားသည်။
ယင်းဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီခန့် အချိန်၌ ဒေါပုံမြို့နယ်၊ ဇေယျာသီရိ ရပ်ကွက် ၃လမ်းနေ ဦးညီညီလွင် + ဒေါ်ခင်ပြည့်စုံ တို့၏ အိမ်အရှေ့ဘက် မျက်နှာစာရှိ ဒုတိယအိမ်တိုင် အောက်ခြေ သံမံတလင်းမှ ထူးဆန်းစွာ အပူလွန်ကဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

" ဖိနပ်မစီးဘဲ ရေသောက်သွားတာ ကနေ အရမ်းပူတာကြောင့် သတိထားမိ တာပါ။ ဝါယာရှော့ ဖြစ်တယ် ထင်ပြီး လျှပ်စစ်မီး မိန်းကို ချလိုက်တယ်။ လျှပ်စစ်ကလည်း ဖုန်းဆက်လိုက်တော့ ရပ်ကွက်ကို မီးဖြတ် လိုက်ပါတယ် " ဟု ယင်းအိမ်ရှင် ဒေါ်ခင်ပြည့်စုံက The Voice Weekly သို့ ပြောကြားသည်။

ယင်းနောက် မီးသတ်ဦးစီးဌာနနှင့် ဘူမိဗေဒ(အင်ဂျင်နီယာ) တို့က လာရောက် စစ်ဆေးမှုများ ပြုလုပ်ကာ ပေါက်ကွဲမှု ဖြစ်ပွားနိုင်သည့် အခြေနေ မရှိဟု မှတ်ချက်ပေးသွားကြောင်း လုံခြုံရေး တာဝန်ယူထားသော မီသတ် တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

" အရမ်းပူတော့ သံမံတလင်းကို ဖောက်ပြီး ရေလောင်းထည့်ထား ရတယ်။ မနက်ကတော့ ၂ ခါ ရေလောင်းထဲထားတယ်။ လူအရမ်း များလာလို့ အိမ်ကို ပိတ်ထားတယ် " ဟု ဒေါ်ခင်ပြည့်စုံက ဆိုသည်။

ယင်းကဲ့သို့ ထူးဆန်းစွာ မြေကြီးအတွင်းမှ ထူးဆန်းစွာ အပူလွန်ကဲမှု ဖြစ်ပွားခဲ့ပြီး မီးသတ် ဦးစီးဌာနနှင့် ဘူမိဗေဒ ပညာရှင်တို့မှ ပေါက်ကွဲမှု မဖြစ်နိုင်ဟု မှတ်ချက်ပေးထား သော်လည်း ယင်းနေအိမ်နှင့် အနီးတစ်ဝိုက်မှ နေအိမ်တစ်ချို့ ရှုခင်းသာ အိမ်ရာသို့ ပြောင်းရွေ့သွား ကြကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူ တစ်ချို့နှင့် တာဝန်ကျ မီးသတ် တပ်ဖွဲ့ဝင်တို့က ပြောကြားသည်။

by The Voice Weekly on Monday,

နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ထုတ်ပြန်သော ပြစ်ဒဏ်ကျခံနေရသူများနှင့် ပတ်သတ်သည့် ကြေညာချက်အပေါ် ထင်မြင်ယူဆချက်များ

နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ထုတ်ပြန်သော ပြစ်ဒဏ်ကျခံနေရသူများနှင့် ပတ်သတ်သည့် ကြေညာချက်အပေါ် ထင်မြင်ယူဆချက်များ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျပ် ၁၂၅ သိန်းတန် အင်္ကျီ

ပည်ထောင်စု တိုင်းရင်းသားများအ တွက် ပညာရေး ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲတွင် ပါဝင် သည့် အနုပညာ ရှင် ၇၀ ဦး ကျော်က ဒေါ်အောင်ဆန်းစုကြည် အား ပေးအပ်ရန် စုပေါင်း လက်မှတ် ထိုးထားသည့်အင်္ကျီကို လေလံ ပစ်ခဲ့ရာ ကျပ် ၁၂၅ သိန်းဖြင့် လေ လံ အောင်ခဲ့ပြီး လေလံ အောင်သူ ကို ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် က အခမ်း အနားဖြင့် လွှဲပေးရန် စီစဉ်နေကြောင်း အ ဆိုပါ ရန်ပုံငွေပွဲ ဘဏ္ဍာရေး ကော်မတီ ၀င် ဦးမြင့်ဦး က မြန်မာပို့စ် သို့ပြောကြားသည်။
“အဲ့ဒီ အင်္ကျီကို လေလံပစ်တဲ့ အခါ ကြမ်းခင်း ဈေးသိန်း ၃၀ နဲ့စတယ်။ ခြောက်ယောက် မြောက် မှာ အမျိုးသမီး လုပ်ငန်းရှင် တစ်ဦးက ကျပ် ၁၂၅ သိန်းနဲ့ လေလံ အောင်တယ်။ လေလံ အောင်တဲ့ သူ ကို လွတ်လပ်ရေး နေ့နောက်ပိုင်းမှာ ဟိုတယ် ဖြစ် ဖြစ်၊ အဆောက်အအုံ တစ်ခုခု မှာဖြစ်ဖြစ် ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် အခမ်းအ နား နဲ့လွှဲပေးဖို့ စီစဉ်နေတယ်။ ဇန်န၀ါရီ ၉ ရက် လောက်ဖြစ်ဖို့ များတယ်” ဟု ဦးမြင့်ဦး က ဆိုသည်။ အဆိုပါ အင်္ကျီလေလံပစ်ရာ မှ ရရှိသည့်ငွေကျပ် ၁၂၅ သိန်းကိုလည်း ပညာရေး ရန်ပုံငွေ အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဂီတဖျော်ဖြေပွဲ တွင် အနုပညာ ရှင်များက စုပေါင်း လက်မှတ်ထိုး ထားသည့် အင်္ကျီနှစ်ထည် အနက်မှ တစ် ထည် ကိုလေလံပစ်ခြင်း ဖြစ်ပြီး၊ ကျန်တစ် ထည်ကို ဒေါ်အောင်ဆန်းစုကြည်က အ မှတ်တရ သိမ်းထားမည်ဖြစ်ကြောင်း၊ လွှဲအပ်ပွဲ အ ခမ်းအနား တွင် အနုပညာရှင် များကိုလည်းဖိတ် ကြားရန် စီစဉ်နေ ကြောင်း သိရသည်။

" အဲဒီအခန်းဖြတ် " ဇာတ်ကား လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဇကာတင် စာရင်းဝင်

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ရွေးချယ်ခံရသော ဇကာတင် ဇာတ်ကားများတွင် ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်မှုကြောင့် ထုတ်ပယ်ခြင်း ခံရသည်ဟု ကနဦး သတင်းများ ထွက်ပေါ်ခဲ့သော ဒါရိုက်တာ ဝိုင်း၏ " အဲဒီအခန်းဖြတ် " ဇာတ်ကားလည်း ပါဝင်လာခဲ့ကြောင်း အဆိုပါ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သော The Voice Weekly သတင်းထောက်က ပြောကြားသည်။

ရုပ်ရှင်ပွဲတော် မစတင်မီကပင် အင်တာနက် မှတဆင့် လူသိများခဲ့သော ဒါရိုက်တာ ဝိုင်း၏ "အဲဒီအခန်း ဖြတ်" ရုပ်ရှင်ဇာတ်ကားမှာ မြန်မာနိုင်ငံ ရုပ်ရှင်ဆင်ဆာအဖွဲ့၏ မူဝါဒနှင့် လုပ်ဆောင်ချက်များ အပေါ်တွင် ထိမိစွာ သရော် လှောင်ပြောင်ထားသော ဇာတ်ကားဖြစ်ပြီး လက်ရှိ ရုပ်ရှင်လောကသားများဖြင့် ရိုက်ကူးထားသော ဇာတ်ကားလည်း ဖြစ်သည်။

ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာ ခုနှစ်လွှာတွင် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအား ယနေ့ ညနေ ၄ နာရီခန့်က ပြုလုပ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပြီး ဖွင့်ပွဲ အခမ်းအနား စတင်မီ ကိုရဲလွင်၊ ကိုနေဝင်း၊ ဆောင်းဦးလှိုင်၊ လင်းလင်း၊ ACID အဖွဲ့နှင့် ဂီတမိတ်အဖွဲ့သားများက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ ကြသည်။

ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်သော ဇာတ်ကားပေါင်း ၁၈၈ ကား အနက်မှ ၅၃ ကားအား ဇကာတင် ဇာတ်ကားများအဖြစ် ရွေးချယ်ခဲ့ပြီး ဆုရွေးချယ်ခြင်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ဇကာတင် ၅၃ ကားမှ ၅ ကားကို ဆုပေးအပ်မည် ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကို ကြီးကြပ်ဒိုင် အဖြစ် ဆောင်ရွက်နေသူ ဦးသူရ (ခေါ်) ဇာဂနာက ပြောကြားသည်။

The Voice Weekly

ပထမအကြိမ် လွှတ်တော် တတိယပုံမှန်အစည်းအဝေးများ ဇန်န၀ါရီလ ၂၆ ရက်နေ့ စတင်ကျင်းပမည်

ပထမအကြိမ် လွှတ်တော် တတိယပုံမှန်အစည်းအဝေးများ ဇန်န၀ါရီလ ၂၆ ရက်နေ့ စတင်ကျင်းပမည်

ဖုန်းတစ်လုံး ကျပ်ငါးထောင်ဖြင့် မကြာမီ ရောင်းချပေးတော့မည်

ငွေကျပ် ငါးထောင်နှုန်းဖြင့် အင်တာနက်ပါ သုံးစွဲနိုင်သော ဖုန်းများအား ယခုနှစ်အတွင်း အများပြည်သူ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ဆောင် မှုပေးသည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။ ”နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာပါ။ ဒီနှုန်းနဲ့ ဖုန်းသုံးစွဲနိုင်ဖို့ အတွက် နိုင်ငံတော် သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ ဆောင်ရွက်ပေးတာပါ။ အဓိက ကတော့ ဝင်ငွေနည်းတဲ့ ပြည်သူ တွေနဲ့ အခြေခံလူတန်းစားတွေ ဖုန်း သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး နိုင်ငံ တော် သမ္မတကြီးက ဆောင်ရွက် ပေးခြင်း ဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဖုန်းလိုင်းအား ၅ နှစ်အတွင်း ဖုန်းလိုင်း သန်း ၃ဝ ထုတ်လုပ်ဖြန့်ချိပေးသွားမည် ဖြစ် ပြီး ယခုနှစ်အတွင်း ဖုန်းလိုင်း ၁ သန်း ထုတ်လုပ်ဖြန့်ချိပေးမည် ဖြစ် ကြောင်း သိရသည်။ ”မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်မှု မရှိပါဘူး။ အထွက်ခေါ်ဆိုနှုန်း မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃ဝ ကျပ်နဲ့ ကောက်ခံသွားမှာပါ။ ဖုန်းကတ် တွေကိုလည်း ဖုန်းဆိုင်တွေမှာ မှတ်ပုံတင်ပြရုံနဲ့ ဝယ်နိုင်မှာပါ။ ဘယ် တော့ဖုန်းတွေ ချထားပေးမလဲ ဆိုတာကတော့ လာမယ့် မတ်လ မှာ စတင် အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ ၄င်းဖုန်းများအား စတင် သုံးစွဲခွင့်ရပါက တစ်ခါသုံးဖုန်းကတ်များ ကဲ့သို့ နံပါတ်ပြောင်းလဲသွားမည် မဟုတ်ဘဲ နံပါတ်အသေ ဖုန်းများ ဖြစ်ကြောင်း၊ 3 G ကွန်ရက်စနစ်ဖြင့် ပေးသွားမည်ဖြစ်ပြီး ဖုန်းဘေလ်ကြို တင်ငွေဖြည့်ကတ် စနစ်ဖြင့် အသုံး ပြုရမည် ဖြစ်ကြောင်း နံပါတ်မှာ ဝ၉-၁ ဖြင့် စတင်သွားမည် ဖြစ် ကြောင်း၊ အင်တာနက်သုံးစွဲမှုမှာ မြန် နှုန်းအပေါ် မူတည်၍ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ”ဖုန်းကတော့ GSM ဖုန်း အမျိုးအစားပါ။ ပြည်တွင်းခေါ်ဆိုမှု သာမက အာဆီယံနဲ့ အာရှနိုင်ငံ များကိုပါ ဖုန်းခေါ်ဆိုနိုင်မှာပါ။ နှုန်း ထားကတော့ လက်ရှိအသုံးပြုနေ တဲ့ နှုန်းအတိုင်း ကတ်ထဲက နုတ် ယူသွားမှာပါ။ ပထမနှစ် ဖုန်း ၁သန်းမှာတော့ ရန်ကုန် တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ၂ ခုပဲ သုံးစွဲနိုင်မှာပါ။ နောက်ပိုင်း မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည် တော်တိုင်းဒေသကြီးတို့ အပြင် တစ်နိုင်ငံလုံး သုံးစွဲနိုင် အောင် ဆောင်ရွက် သွားမှာပါ” ဟု ၄င်းက ဆက်လက် ပြောသည်။ အဆိုပါ ဖုန်းများအား နိုင်ငံ တော် အစိုးရမှ ၄ဝ ရာခိုင်နှုန်း၊ ရွှေပြည်တံခွန် ကုမ္ပဏီမှ ၃ဝ ရာခိုင်နှုန်း နှင့် သုံးစွဲသူများမှ ဝင်ရောက် ရှယ် ယာဝင်မည်ဆိုပါက ၃ဝ ရာခိုင်နှုန်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ ဖုန်း လိုင်း သန်း ၃ဝ အတွက် ဒေါ်လာ သန်း ၇၇ဝ ကုန်ကျမည်ဖြစ်ပြီး ရှယ် ယာဝင်မည်ဆိုပါက ပထမနှစ် ဖုန်းလိုင်း ၁သန်းအတွက် ငွေကျပ် အနည်းဆုံး ၂ သိန်းခန့် သတ်မှတ်သွားမည် ဖြစ်ပြီး ရှယ်ယာဝင်ခွင့်များအား စီမံကိန်းစတင်ပြီး ၃ လနှင့် ၆ လအတွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းများအတွက် ကြို တင်ငွေဖြည့်ကတ်များမှာ ကျပ် ငါးထောင်တန်ကတ်၊ ကျပ်တစ်သောင်းကတ်နှင့် ကျပ်ငါးသောင်း ကတ်များ ဟူ၍ သုံးမျိုး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇော် (ပေါ်ပျူလာ ဂျာနယ်)

၂၇၇ ကြိမ်မြောက် ထီစနစ်မှစတင်၍ အထူးဆုကြီးအဖြစ် ကျပ်သိန်း ၁၅၀၀ ဆုအားတိုးမြှင့် ပေးအပ်မည်ဖြစ်ပြီး ထီလက်မှတ်တန်ဖိုးများ အပြောင်းအလဲ မရှိကြောင်း အောင်ဘာလေ သိန်းဆုဌာနမှ ကြေညာချက်ထုတ်ပြန်

၂၇၇ ကြိမ်မြောက် ထီစနစ်မှစတင်၍ အထူးဆုကြီးအဖြစ် ကျပ်သိန်း ၁၅၀၀ ဆုအားတိုးမြှင့် ပေးအပ်မည်ဖြစ်ပြီး ထီလက်မှတ်တန်ဖိုးများ အပြောင်းအလဲ မရှိကြောင်း အောင်ဘာလေ သိန်းဆုဌာနမှ ကြေညာချက်ထုတ်ပြန်

မြန်မာနှင့်အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ပြန်လည်စတင်နိုင်ရန် စည်းမျဉ်းများ ဖြေလျော့ရေးအတွက် ကွန်ဂရက်သို့ သမ္မတအိုဘားမားအစိုးရ ညွှန်ကြားထား

မြန်မာနှင့်အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ပြန်လည်စတင်နိုင်ရန် စည်းမျဉ်းများ ဖြေလျော့ရေးအတွက် ကွန်ဂရက်သို့ သမ္မတအိုဘားမားအစိုးရ ညွှန်ကြားထား

Sunday, January 1, 2012

ဥပဒေနှင့် မညီညွတ်ဘဲ အဂတိလိုက်စားပြီး စီရင်ချက်ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေကို ပြည်သူ့လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်းသိရ

ဥပဒေနှင့် မညီညွတ်ဘဲ အဂတိလိုက်စားပြီး စီရင်ချက်ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေကို ပြည်သူ့လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်းသိရ

အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြခဲ့သော အကျဉ်းသားများနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တွေ့ဆုံ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကော်မရှင်က ထပ်လောင်းတင်ပြ

အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြခဲ့သော အကျဉ်းသားများနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တွေ့ဆုံ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကော်မရှင်က ထပ်လောင်းတင်ပြ

အလုပ်သမား အဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်မှုနှင့် အလုပ်သမား အခွင့်အရေးများအား ကာကွယ်ရန် အလုပ်သမား အဖွဲ့အစည်း ဥပဒေပြဋ္ဌာန်းပြီးဖြစ်၍ ၂၀၁၂ ခုနှစ်အတွင်း အာဏာတည်ကာ အတည်ပြုမည်

အလုပ်သမား အဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်မှုနှင့် အလုပ်သမား အခွင့်အရေးများအား ကာကွယ်ရန် အလုပ်သမား အဖွဲ့အစည်း ဥပဒေပြဋ္ဌာန်းပြီးဖြစ်၍ ၂၀၁၂ ခုနှစ်အတွင်း အာဏာတည်ကာ အတည်ပြုမည်

စီဒီအမ်အေဖုန်းများ သတ်မှတ်ချက်ပြည့်ပါက ရပ်နားမည်ဖြစ်ပြီး ဂျီအက်စ်အမ်ဖုန်းများသာ ဆက်လက်ချပေးသွားမည်

စီဒီအမ်အေဖုန်းများ သတ်မှတ်ချက်ပြည့်ပါက ရပ်နားမည်ဖြစ်ပြီး ဂျီအက်စ်အမ်ဖုန်းများသာ ဆက်လက်ချပေးသွားမည်