Friday, December 30, 2011

အမျိုးသားစာပေဆုနှင့် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် ကဗျာဆရာညွန့်ဝေ(ကသာ) ရန်ကုန်မြို့တွင် ကွယ်လွန်

အမျိုးသားစာပေဆုနှင့် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် ကဗျာဆရာညွန့်ဝေ(ကသာ) ရန်ကုန်မြို့တွင် ကွယ်လွန်

ဝါရင့်အနုပညာရှင်များ ပါဝင်သင်ကြားပေးမည့် Loreal Art Academy သရုပ်ဆောင်သင်တန်း ဖွင့်လှစ်မည်

ဝါရင့်အနုပညာရှင်များ ပါဝင်သင်ကြားပေးမည့် Loreal Art Academy သရုပ်ဆောင်သင်တန်း ဖွင့်လှစ်မည်

Iron Cross တီးဝိုင်း၏ နှစ်သစ်ကူးည ဖျော်ဖြေပွဲ မျှော်စင်ကျွန်းတွင် ပြုလုပ်မည်

Iron Cross တီးဝိုင်း၏ နှစ်သစ်ကူးည ဖျော်ဖြေပွဲ မျှော်စင်ကျွန်းတွင် ပြုလုပ်မည်

နေရာ အသီးသီးမှာ ပြုလုပ်ကြမယ့် ခရစ္စမတ်နှင့် နယူးရီးယား ဖျော်ဖြေပွဲများ

နေရာ အသီးသီးမှာ ပြုလုပ်ကြမယ့် ခရစ္စမတ်နှင့် နယူးရီးယား ဖျော်ဖြေပွဲများ

‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော်သို့ ပြည်တွင်းမှ ဇာတ်ကားတို (၁၈၈) ကား ပေးပို့ယှဉ်ပြိုင်ထားပြီး ဇာတ်ကားတို ၅၃ ကား ရွေးချယ်ပြသ သွားမည်ဖြစ်ကာ လက်ရွေးစင် ၂၀ ဦးမှာ သင်တန်း တက်ရောက်ခွင့် ရရှိမည်

‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော်သို့ ပြည်တွင်းမှ ဇာတ်ကားတို (၁၈၈) ကား ပေးပို့ယှဉ်ပြိုင်ထားပြီး ဇာတ်ကားတို ၅၃ ကား ရွေးချယ်ပြသ သွားမည်ဖြစ်ကာ လက်ရွေးစင် ၂၀ ဦးမှာ သင်တန်း တက်ရောက်ခွင့် ရရှိမည်

အောင်မြင်သော တေးသီချင်းများ နောက်ကွယ်က ဖန်တီးမှု

အောင်မြင်သော တေးသီချင်းများ နောက်ကွယ်က ဖန်တီးမှု

အနုပညာရှင်တို့၏ အကယ်ဒမီ ပွဲတက်ဝတ်စုံများ အတွက် ဖန်တီးရန် ဒီဇိုင်နာများနှင့် ပိုးထည်တိုက်များ စတင်ပြင်ဆင်လာ

အနုပညာရှင်တို့၏ အကယ်ဒမီ ပွဲတက်ဝတ်စုံများ အတွက် ဖန်တီးရန် ဒီဇိုင်နာများနှင့် ပိုးထည်တိုက်များ စတင်ပြင်ဆင်လာ

အီဂျစ်တော်လှန်ရေး ဘလော့ဂါတစ်ဦးကို အစိုးရက လွှတ်ပေး

အီဂျစ်တော်လှန်ရေး ဘလော့ဂါတစ်ဦးကို အစိုးရက လွှတ်ပေး

ကင်ဂျုံအီလ်၏ နှစ်ရက်ကြာ နိုင်ငံတော်ဈာပန အခမ်းအနား မြောက်ကိုရီးယားတွင် စတင်ကျင်းပ

ကင်ဂျုံအီလ်၏ နှစ်ရက်ကြာ နိုင်ငံတော်ဈာပန အခမ်းအနား မြောက်ကိုရီးယားတွင် စတင်ကျင်းပ

ကျင့်ဝတ်၊ သိက္ခာနှင့် တန်ဖိုး

ကျင့်ဝတ်၊ သိက္ခာနှင့် တန်ဖိုး

ပေါက္ခရ၀သ ဒီမိုကရေစီ

ပေါက္ခရ၀သ ဒီမိုကရေစီ

Thursday, December 29, 2011

ဝါယာရှော့မှတစ်ဆင့် ဂိုဒေါင်အတွင်းရှိ ယမ်းစိမ်း၊ ကန့် စသောပစ္စည်းများအား ကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ ပြောကြား သေဆုံးသူ ၁၇ ဦးနှင့် ဒဏ်ရာရရှိသူ ၈၁ ဦးရှိကြောင်းသိရ

ဝါယာရှော့မှတစ်ဆင့် ဂိုဒေါင်အတွင်းရှိ ယမ်းစိမ်း၊ ကန့် စသောပစ္စည်းများအား ကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ ပြောကြား သေဆုံးသူ ၁၇ ဦးနှင့် ဒဏ်ရာရရှိသူ ၈၁ ဦးရှိကြောင်းသိရ

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ABC စက်ဆန်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
b39_18_2
b39_18_5
ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅၀ ၀န်းကျင်မှ ပြိုကျနေသည့် နေအိမ်များ

အဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို အတိအကျ သိရှိရခြင်း မရှိသေးပါ။ ဒဏ်ရာရရှိသူများကို နီးစပ်ရာကားများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။(ယခုအထိ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ ၂၉- ၁၂ - ၂၀၁၁ နံနက် ၃ နာရီ ၄၀ မိနစ်အထိ )

ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅၀ ကျော်ရှိ နေအိမ်များ ပေ ၂၀၀ ၀န်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။
b39_18_11
ပေါက်ကွဲမီးလောင်မှုကြောင့် ဖြစ်ပွားခဲ့သည့် ကျင်းချိုင့်တစ်ခု

''ကျွန်တော်တို့ အိပ်နေတုန်း ၀ုန်းကနဲဆို အိမ်က ပြိုဆင်းသွားတယ်။ အိမ်ထဲကနေ ကမန်းကတန်းထွက်ပြီး နီးစပ်ရာမှာ မြစ်ကမ်းဘေးမှာ ၀ပ်နေရတယ်။ ကျန်တဲ့သူတစ်ချို့ကတော့ အုတ်နံရံစတွေ လွင့်ပျံ့ထွက်လာတာနဲ့ ထိခိုက်မိပြီး သေသူသေ၊ ဒဏ်ရာရသူရ၊ လဲသူလဲနဲ့ နေရာအနှံ့ ရှိခဲ့တယ်။ အဲဒီဂိုထောင်ရဲ့ ပတ်ပတ်လည်မှာနေတဲ့သူအားလုံးနီးပါး ထိခိုက်ဒဏ်ရာရတယ်။ ဂိုထောင်ဘေးက လမ်းခြားနေတဲ့ အိမ်တွေတောင် ဘာမှမသိ လိုက်ရဘဲ လွင့်ထွက်လာတဲ့ အပိုင်းအစတွေကြောင့် ပြိုကျကုန်တဲ့အထိ အရှိန်က ပြင်းလွန်းတယ်။ ချောင်းတစ်ဖက်ကမ်း ဒေါပုံဘက်အခြမ်းမှာနေတဲ့ သူတွေကိုတောင် လွင့်စင်လာတဲ့အပိုင်းအစတွေ ထိမှန်ခဲ့တယ်လို့ သိရတယ်'' ဟု ဂို ထောင်ဘေးတွင် နေထိုင်ကာ ယခုဖြစ်စဉ်အား ကိုယ်တွေ့ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။ နောက်ဆုံးရရှိသော သတင်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လတ်တလော စာရင်းကောက်ခံမှုအရ ၁၄ ဦးသေဆုံး(ကျား ၇၊ မ ၄၊ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး)ပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း နံနက် ၄ နာရီ ရရှိသော သတင်းများအရ သိရှိရသည်။

(ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်) ထပ်မံသိရှိရသော သတင်းများအရ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။





b39_18_4

b39_18_6

b39_18_7

b39_18_8

b39_18_9

b39_18_10

ဒီဇင်ဘာ ၂၉ ရက်။

9:00 AM (Update)

နံနက် (၉)နာရီတွင် သိရှိရသော သတင်းအရ ဒဏ်ရာရရှိသူ (၇၈) ဦး ရှိပြီး၊ သေဆုံးသူ (၁၇)ဦးရှိကြောင်း သိရှိပါသည်။ ဒဏ်ရာရသူ (၇၈)ဦးတွင် (၃၃)မှာ မီသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး သေဆုံးသူ (၁၇)ဦးအနက် (၆)ဦးမှာ မီသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသိရှိရသည်။ အခင်ဖြစ်ပွားရာနေရာ၌ ပစ္စည်းသိုလှောင်ရုံ (၃၇)လုံး ရှိသည့်အနက် (၁၆)လုံးမှ မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် (၂)စီးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။



9:15 AM (Update)

မီးလောင်ကျွမ်းမှုသည် ၀ါယာရှော့ပ်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပြောကြားမှုမျာရှိသော်လည်း ကြီးမားသောပေါက်ကွဲမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် သတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိသေးပါ။

12:15 PM (Update)

"ကျွန်တော်တို့ အင်ဂျင်နီယာပိုင်းဆိုင်ရာ စစ်ဆေးတွေ့ရှိမှုတွေအရ ဒါဟာ ၀ါယာရှော့လုံးဝမဟုတ်ပါဘူး။ လုံခြုံရေးမီးတစ်လုံးပဲ ရှိတဲ့နေရာကနေ ၀ါယာရှော့ဖြစ်ဖို့ မဖြစ်နိုင်ပါဘူး။ မီးလောင်ရင်တော့ ၀ါယာတွေမီးလောင်မှာပါပဲ။ လူတွေက အပြစ်လျော့အောင်လို့သာ ၀ါယာရှော့လို့ပြောနေကြတာပါ။ တကယ်တော့ ဒီမီးလောင်ကျွမ်းမှုဟာ ၀ါယာရှော့ကြောင့်မဟုတ်တာ အထောက်အထားတွေရှိပါတယ်" ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မင်္ဂလာတောင်ညွန့်မြို့နယ် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာမှုး ဦးတင်ထွန်း က ပြောပါသည်။

6:45 PM (Update)

မီးလောင်ကျွမ်းမှုတွင် မီးငြိမ်းသတ်ရင်း သေဆုံးခဲ့ရသော မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးအား ဒီဇင်ဘာ ၂၉ ရက် ညနေ ၅ နာရီ ၁၀ မိနစ်တွင် တပ်ဖွဲ့ဝင်အခမ်းအနားဖြင့် မီးသဂြိုလ်ခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်ကျွမ်းမှုနှင့် ပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့သော တပ်ဖွဲ့ဝင် (၅) ဦးမှာ -
၁၊ တပ်ကြပ်ကြီး ဇော်ဌေး (၅၀)နှစ်
၂၊ တပ်ကြပ် တင်စိုး (၃၄) နှစ်
၃၊ တပ်သား မျိုးကျော်ကျော် (၂၀) နှစ်
၎၊ တပ်သား အောင်အောင် (၂၈) နှစ်
၅၊ တပ်သား သော်ဇင်မျိုးထက် (၂၁) နှစ် တို့ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆုံးရအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။

Wednesday, December 14, 2011